နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန်ရှိဟု ထရမ့် ပြော
One News
Nov 19, 2026
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က APEC ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးမှုတွေမှာ နျူကလီး ယားလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးဖို့ ရှိတယ်လို့ ပြောဆိုခဲ့တာကို Fox News မှာ ဖော်ပြပါတယ်။
တခြားနိုင်ငံတွေကို သူတို့ရဲ့ နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ စည်းရုံးရတာဟာ တော်တော်ခက်ခဲတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကိုလည်း ဗုဒ္ဓဟူးနေ့ညက ထုတ်လွှင့်ခဲ့တဲ့ Fox News နဲ့ အင်တာဗျူးမှာ ထရမ့်က အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။ဒါ့အပြင် “ရုရှားက ဒုတိယနေရာမှာရှိပြီး တရုတ်ကတော့ တတိယနေရာမှာ ရှိပါတယ်။ ရုရှားနဲ့ယှဉ်ရင် တရုတ်က အများကြီး နောက်ကျနေသေးပေမယ့် အခုတော့ နျူကလီးယားလက်နက်တွေကို အပြင်းအထန် တိုးချဲ့ထုတ်လုပ် နေကြပါတယ်။
အမှန်အတိုင်း ပြောရရင် နျူကလီးယားလက်နက် ၁၀ လုံးလောက်ပဲ ရှိရင်တောင် လုံလောက်ပါ တယ်။ ကျွန်တော်တို့ ပြောနေတာက အဲဒီလောက်ကြီးမားတဲ့ ဖျက်အားကိုပါ။ နျူကလီးယားလက်နက် ၄,၀၀၀ လောက်အထိ ရှိနေဖို့ မလိုပါဘူး။”လို့ ထရမ့်က ပြောပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်
One News
Nov 19, 2026 10ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။
-
APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော
-
ထရမ့်၏အကျင့်ပျက်မှုနှင့်အက်ပ်စတိန်းအမှု ဒီမိုကရက် စုံစမ်းစစ်ဆေးမည်
-
အမေရိကန်အဝေးပြေးလမ်းမများပေါ် Robotaxi ပြေးဆွဲမှု Waymoယာယီရပ်ဆိုင်း
-
United Airlines ၏နည်းပညာစနစ် ချို့ယွင်းမှု ပြေလည်ပြီဟု ကြေညာ
-
အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ